Facebook No Need Messenger for Android

Android application တွေလည်းမရေးဖြစ်တာ ငါးလလောက်ကိုကြာနေပြီ။ ဒီနေ့ နည်းနည်းအားနေတာနဲ့ တစ်ခုလောက် လုပ်ဖြစ်ထားတာလေးပါ။ လုပ်ရတာ ဘာမှလက်မ၀င်တဲ့ သာမန် app လေးတစ်ခုပါပဲ။ ကျွန်တော်တို့ ဖုန်းတွေမှာ Facebook app သွင်းထားပေမယ့် Facebook chat ကိုသုံးချင်တယ်ဆိုရင် Facebook Messenger ထပ်သွင်းဖို့လိုပါတယ်။ အဲလိုမဟုတ်ဘဲ Facebook app တစ်ခုတည်းမှာပဲ Facebook Messenger ကိုသုံးလို့ရချင်တယ်ဆိုရင်တော့ အခု ကျွန်တော်လုပ်ပေးထားတဲ့ app လေးကိုဖုန်းမှာသွင်းထားလိုက်ရုံပါပဲ။ ဘာမှလုပ်ဖို့မလိုပါဘူး။ အခုစမ်းထားသလောက်တော့ Facebook app နောက်ဆုံး version အထိရပါတယ်။ iOS မှာလည်း Jailbreak လုပ်ထားတဲ့ဖုန်းတွေအတွက်ဆို Fb No Need Messenger ဆိုတဲ့ Tweak ကိုသုံးလို့ရပါတယ်။ အခု လုပ်ထားတာလေးကိုလည်း
Facebook No Need Messenger လို့ပဲနာမည်ပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်အသေးလေးပါ။
Facebook No Need Messenger for Android ကိုအောက်က link မှာရယူပါ။

(Facebook Messenger ကိုဖုန်းမှာသွင်းထားရင်တော့ Uninstall လုပ်ပြီးမှ ဒီ app ကိုသွင်းပါ)
အားလုံးပဲအဆင်ပြေကြပါစေ

No comments:

Post a Comment

လာရောက်လည်ပတ်ကြသောသူငယ်​ချင်းများအားလုံးကိုကျေးကျေးနော်

Ads Inside Post