★ရောင်စုံပန်းများ ပင်ထက်နား
လှချင်ယှဉ်ပြိုင် မာန်ဝင့်ကြွား
တက်မက်မြတ်နိုးသူသူငါ
ပန်ချင်စိတ်တို့ ရင်မှာပွား...
★အကြင်နာမဲ့ ဆောင်းလေပွေ
ပန်းမျာချွေးဖျက် မြေသို့ကြွေ
ပန်းချစ်သူဟုဆိုသူများ
ကြွေပန်းပေါ်သို့ နင်းချေးသွား...
★ပန်းကြွေများကို ငါသင်္ဂြိုလ်
သူငါပြောင်လှောင် ပြောပါဘိ
တနေ့ ငါအလှည့်ရောက်ခဲ့သော်
သင်္ဂြိုလ်မည်သူ ငါမသိ...
No comments:
Post a Comment
လာရောက်လည်ပတ်ကြသောသူငယ်ချင်းများအားလုံးကိုကျေးကျေးနော်